ရှမ်းတောင်ထွက် လိမ္မော်သီးများအား ကျိုင်းတုံသို့ တိုက်ရိုက် တင်ပို့ရောင်းချနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 23, 2018

ရှမ်းတောင်ထွက် လိမ္မော်သီးများအား ကျိုင်းတုံသို့ တိုက်ရိုက် တင်ပို့ရောင်းချနေ



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း ထွက်ရှိသည့် လိမ္မော်သီးများကို မော်တော်ယာဉ်များဖြင့် ကျိုင်းတုံမြို့ရှိ လူစည်ကားသည့် နေရာများတွင် တိုက်ရိုက်လာ ရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
 .
.
အဆိုပါ လိမ္မော်သီးများသည် အရသာ ချိုမွှေးပြီး ဈေးနှုန်းသက် သာ၍ ကျိုင်းတုံဒေသခံများမှကြိုက်နှစ်သက်စွာ ဝယ်ယူအားပေးလျက်ရှိ ကြောင်း ကျိုင်းတုံမြို့ရှိ ဈေးဝယ်လာ အိမ်ရှင်မများထံမှ သိရသည်။
.
''ဈေးတန်လို့ ဝယ်တာပါ။ တောင်ကြီး-ကျိုင်းတုံလမ်းကလည်းကောင်း နေတော့ လတ်ဆတ်ပါတယ်။ ဝယ်သူများလို့ ရောင်းသူကလက်တောင် မလည်ပါဘူး''ဟု တောင်ကြီးဒေသထွက် လိမ္မော်သီးများအား ဝယ်ယူအားပေးခဲ့သည့် ကျိုင်းတုံမြို့မှ ဒေ သခံ အိမ်ရှင်မ ဒေါ်စံပယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မော်တော်ယာဉ်ဖြင့် လာရောက် ရောင်းချပေးနေသည့် တောင်ကြီး ဒေသထွက် လိမ္မော်သီးများ၏ လက်လီ ဈေးနှုန်းမှာ အလုံးအရွယ်အစား ကိုလိုက်၍ ၁ဝ လုံးလျှင် ၁၅ဝဝ ကျပ် မှ ၂၅ဝဝ ကျပ်နှုန်းအထိ ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ အ မြင့်ပေ ၃ဝဝဝ ခန့် မြင့်မားသောတောင် ပေါ်ဒေသအချို့၌ လိမ္မော်သီးစိုက်ပျိုး သည့်ခြံများရှိသော်လည်း ဒေသစား သုံးရန်အတွက် မလုံလောက်သဖြင့် တရုတ်နိုင်ငံမှ ထွက်ရှိသည့် လိမ္မော် သီးများ ဝင်ရောက်မှုရှိနေကြောင်း သိရသည်။