တာချီလိတ်တွင် ရည်းစားနှင့် အဆင်မပြေရာမှ လူငယ်တစ်ဦး မိမိကိုယ်ကိုမိမိ ကြိုးဆွဲချသေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 30, 2018

တာချီလိတ်တွင် ရည်းစားနှင့် အဆင်မပြေရာမှ လူငယ်တစ်ဦး မိမိကိုယ်ကိုမိမိ ကြိုးဆွဲချသေဆုံး



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ Crown ဟိုတယ်မှ ဝန်ထမ်းအမျိုးသား လူငယ်တစ်ဦးသည် ရည်းစားနှင့် အဆင်မပြေဖြစ်ရာမှာ ဒီဇင်ဘာ ၂၉ ရက်ည နေပိုင်းကမိမိကိုယ်မိမိ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ Crown ဟိုတယ်တွင် ဒီဇင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်က အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ တာချီလိတ် ခေတ္တ မြို့မ စခန်းမှူး ရဲအုပ် ကိုကိုဦး၊ တာဝန်မှူး ဒုရဲအုပ် မြင့်ကျော်တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ ကျော်စွာထွန်း (၂၈ နှစ်)၊ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ဟိုတယ်၏ အနောက်ဘက် အရေးပေါ်ထွက်ပေါက်လှေကား အမြင့် ၁ဝ ပေခန့်ရှိ သံချောင်းထုတ်တန်းတွင် အရှည် ၃ ပေခွဲခန့်ရှိ ပန်းရောင်မျက်နှာသုတ်ပါဝါ တစ်ထည်နှင့် ဂျင်း ပြရောင်ဘောင်းဘီအရှည် တစ်ထည်တို့အား ဆက်လျက် လည်ပင်းတွင် ချည်နှောင်ပြီး ပြင်ပဒဏ်ရာမရှိဘဲ ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိရပြီး အလောင်းအား တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
''ရည်စားဖြစ်သူနဲ့ အဆင်မပြေဖြစ်ပြီး စိတ်ညစ်လို့ ကြိုးဆွဲချ သေဆုံးတယ်လို့ ပတ်ဝန်ကျင်ပြောကြားချက်အရ သိရပါတယ် ''ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
သို့ဖြစ်၍ ကျော်စွာထွန်း (၂၈ နှစ်)၊ ကြိုးဆွဲချသေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင် သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃၇/၂ဝ၁၈ ဖြင့်ရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.