မူဆယ်မြို့နှင့် ရွှေလီမြို့တို့တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 22, 2018

မူဆယ်မြို့နှင့် ရွှေလီမြို့တို့တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပမည်



မျိုးမင်းထွန်း (မြစ်မခ)/ကမ္ဘောဇတိုင်း
.
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၃၁ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တို့အကြား နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
.
.
အပြေးပြိုင်ပွဲတွင် မြန်မာအားက စားသမား ၁ဝဝဝ ခန့် ပါဝင်ယှဉ်ပြိုင် ရန် မျှော်မှန်းထားပြီး ပြိုင်ပွဲကုန်ကျစရိတ် အားလုံးကို တရုတ်နိုင်ငံမှ အကုန်အကျခံသွားမည်ဖြစ်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
.
''နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲဟာ နှစ်နိုင်ငံချစ်ကြည် ဖလှယ်မှုကို မြှင့်တင်စေဖို့နဲ့ နှစ်နိုင်ငံချစ် ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုကိုကောင်း မွန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပ ပြုလုပ်တဲ့ အပြေးပြိုင်ပွဲကြီး ဖြစ်ပါ တယ်''ဟု မူဆယ်ခရိုင် ဒုတိယအုပ် ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။
.
ပြိုင်ပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ ဘက်တွင် ပြေးလမ်း ၆ ဒသမ ၂ ကီ လိုမီတာ တရုတ်နိုင်ငံ၊ ရွှေလီမြို့ဘက် တွင် ပြေးလမ်း ၃၈ ကီလိုမီတာ ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား များအတွက် ဆွေမျိုးပေါက်ဖော်ဆုကို သီးသန့် ချီးမြှင့်မည်ဖြစ်ကာ ပထမဆု ယွမ် ၆ဝဝဝ နှင့် အခြား ဆု ၈ ဆု ချီးမြှင့်မည်ဖြစ်ပြီး အနိမ့်ဆုံး ယွမ် ၅ဝဝ ချီးမြင့်မည်ဖြစ်ကြောင်း သိရ သည်။
.
တာလတ်အပြေးပြိုင်ပွဲအတွက် ပထမဆုကို ယွမ် ၃ဝဝဝ နှင့် အခြား ဆု ၈ ဆု ချီးမြှင့်မည်ဖြစ်ပြီး အနိမ့် ဆုံး ဆုကြေး ယွမ် ၄ဝဝ သတ်မှတ် ထားကြောင်း ယွမ် ၈ဝဝ နှင့်အထက် ဆုကြေး ရရှိသူများကို တရုတ်နိုင်ငံ ဥပဒေအရ ၂ဝ ရာခိုင်နှုန်း အခွန် ကောက်သွားမည်ဖြစ်ကာ ပြိုင်ပွဲဝင် အားကစားသမားများ၏ တံတွေး၊ဆီး နှင့် သွေးများကီုဗြ စစ်ဆေးပြီးမှ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရ သည်။
.
''ဒီပြိုင်ပွဲမှာ DNA ယူတာက တရုတ်နိုင်ငံသားအတွက် ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ကုန်ကျစရိတ်အားလုံးကို တရုတ်နိုင်ငံက အကုန်ကျခံမှာဖြစ်ပြီး ရရှိတဲ့ ဆုကြေးငွေအပေါ်မှာ အခွန် ကောက်ခံသွားမယ်လို့ သိရပါတယ်'' ဟု တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော် မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ပြည်ပပြန်ကြားရေး တာဝန်ခံ မစ္စတာ ကျောက်ယွင်ဆန်က ပြောသည်။
.
ပြိုင်ပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့၊ ကျယ်ဂေါင်ယဉ်ကျေးမှု ကွင်းပြင်မှ စတင်တာလွှတ်မည်ဖြစ်ပြီး မူဆယ်မြို့ နန်းတော်ပေါက်မှ တဆင့် မြန်မာနိုင်ငံဘက်ကိုဝင်ပြီး ပြည်ထောင်စုလမ်းမကြီး ထူးရှယ်လမ်း၊ မင်္ဂလာမူဆယ် ကိုပတ်ကာ မူဆယ်မြို့ ဆင်ဖြူပေါက် မှတဆင့် တရုတ်နိုင်ငံကို ပြန်ဝင်ကာ ရွှေလီမြို့ရှိ နုံမောဟူးပန်းခြံတွင် ပန်းဝင်ရမည်ဖြစ်ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
.
ယခုကျင်းပမည့် ၂ဝ၁၈ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲသည် ဒုတိယအ ကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ ကစားသမား ၈ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃၃ ဦး ဆုရရှိခဲ့ကာ တတိယနိုင်ငံသား ၁၉ နိုင်ငံမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခု ဒုတိယအကြိမ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ရန် ၂၂ နိုင်ငံအထိ တိုးမြှင့်စာရင်း ပေးထားကြောင်း မူဆယ်ခရိုင်အား ကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
.
.
.
#KBZTai #Shan