(၇၁)နှစ်မြောက်လွတ်လပ်ရေးနေအထိမ်းအမှတ် ရပ်ကွက်၊ကျေး ရွာပေါင်းစုံ ချစ်ကြည်ရေး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, December 18, 2018

(၇၁)နှစ်မြောက်လွတ်လပ်ရေးနေအထိမ်းအမှတ် ရပ်ကွက်၊ကျေး ရွာပေါင်းစုံ ချစ်ကြည်ရေး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပ



ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
(၇၁) နှစ်မြောက် လွတ်လပ်ရေးနေအထိမ်းအမှတ် (၁၈) ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၁)၊ သစ်ပင်ထောင်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီးနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဘောလုံးဆပ်ကော်ဥက္ကဌ ဦးခင်မောင်လွင်ကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပြိုင်ပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကာ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြကြောင်းသိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဌမှ ပြိုင်ပွဲအတွက် ဘောလုံးများ ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ဘောလုံးဆပ်ကော်မတီ ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အဖွင့်ပွဲစသ်အဖြစ် အုတ်ဖိုဟာသ လူငယ်ဘောလုံးအသင်းနှင့် နယူးစတားဘောလုံးအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါပြိုင်တွင် ရပ်ကွက်၊ကျေးရွာများမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၄၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွာမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan