တာချီလိတ်မြို့၌ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, December 26, 2018

တာချီလိတ်မြို့၌ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးများ ဖမ်းဆီးရမိ


မိုင်းမော(တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါးများအား ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော လူငယ်တစ်ဦးကို ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.


မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ် စိုးအောင် ဦးစီး အဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့အထွက် လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ကျလော မောင်းနှင်လာသည့် Wave 110 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ပန်းရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားပြီး မိုင်းကိုင်စက္ကူ တစ်ထပ်၊ တိတ်ဖြင့် တစ်ထပ် ပတ်ထားသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ အလေးချိန် တစ်ကီလို၊ (တန်ဖိုးငွေ ကျပ်သိန်း ၁၀၀ ခန့်) နှင့် ၄င်းဝတ်ဆင်ထားသော အနက်ရောင် ဘောင်ဘီရှည် အတွင်းမှ ဆင်းကဒ် အပါဝင် VIVO အမျိုးအစား အနက်ရောင် ဖုန်းတစ်လုံး တို့အား တွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
. 
အဆိုပါ မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျလော အသက် (၂၂) မိုင်းဆတ်မြို့နယ် နေသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဥပဒေအရ တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ) ၁၂၇/၂၀၁၈ မူး/စိတ် ၁၉(က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment