ပြည်တွင်းမှ နွားများအား တရုတ်နိုင်ငံသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ တရားဝင် တင်ပို့လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, December 19, 2018

ပြည်တွင်းမှ နွားများအား တရုတ်နိုင်ငံသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပါ တရားဝင် တင်ပို့လာ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ပြည်တွင်းရှိ တရားဝင် နွားတင် ပို့ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်လမ်းကြောင်း မှတဆင့် တရုတ်နိုင်ငံ သို့ ကျွဲနွားတင်ပို့ခြင်းအပြင် ယခုအ ခါ စစ်တွေကုန်သွယ်ရေးစခန်းများမှ လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွားများတင်ပို့လာနေကြကြောင်း စီးပွား ရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
.
 
.
၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်အစ နိုဝင်ဘာလအတွင်း စစ်တွေမြို့ကုန် သွယ်ရေးစခန်းများမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုမ္ပဏီ ၃ ခုမှ နွားအကောင်ရေ ၁ဝဝ ကို တင်ပို့နိုင် ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ဝ ဒသမ ၁၂ သန်းခန့် ရရှိထားကြောင်း နှင့် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဧပြီ လမှ အောက်တိုဘာလအထိ နွား အကောင်ရေ ၄၅ဝ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ဝ ဒသမ ၅၄၆ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကုန်သွယ် ရေးဝန်ကြီးဌာန၊ လက်ထောက်အ တွင်းဝန် ဦးခင်မောင်လွင်က  ဒီဇင်ဘာ ၁၁ ရက်တွင် မီဒီယာများသို့ပြောကြားခဲ့သည်။
.
''ကျွဲနွားအရှင်တွေ တရားမဝင် ကုန်သွယ်နေတာကို တရားဝင်လမ်း ကြောင်းပေါ် ရောက်ရှိပြီးတော့ ဒေသတွင်း တောင်သူတွေလည်း တစ်ဖက် တစ်လမ်းကနေ ဝင်ငွေရရှိအောင် ခွင့်ပြုပေးတာဖြစ်ပါတယ်''ဟု ဦးခင် မောင်လွင်က ဆိုသည်။
.
လက်ရှိတွင် မူဆယ်ဈေးကွက် အပြင် ဘင်္ဂလားဒေ့ရှ်ဈေးကွက် ရရှိ လာသဖြင့် နွားတရားဝင် တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် အခွင့်အလမ်း ပိုမိုရရှိလာကြောင်း နွားတရားဝင် တင် ပို့နေသည့် ရပ်စောက်အခြေ စိုက် ရွှေပြည့်စုံကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းအေးမေကဆို သည်။
.
''ဘင်္ဂလားဒေ့ရှ် ဈေးကွက်က အရနည်းတယ်။ တစ်ကောင်မှ ၁၂ သိန်းလောက်ပဲ ရတယ်။ မူဆယ်မှာ ကျတော့ တရုတ်နိုင်ငံက တရားဝင် မဝယ်ပေမယ့် ပိဿာ ၁ဝဝ အထက် ၂၂ သိန်း၊ ၁ဝဝ အောက် ၁၇ သိန်း ကနေ ၁၃ သိန်းအထိရကြတယ်။ အောက်တန်းကတော့ အမြတ်နည်း ပေမယ့် အထက်တန်းကအမြတ်ကျန် တယ်။ အရင်းက တစ်ကောင်ကို ၁၃ သိန်းနဲ့ ၁၆ သိန်းဝန်းကျင် ကုန်ကျ ပြီးတော့ အထီးအကောင်ကြီးရင် အမြတ်များတယ်''ဟု ¤င်းက ပြောသည်။
.
စစ်တွေမှတဆင့် ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ နွားများ တင်ပို့ရာတွင် ကျောက်ဖြူ၊ မာန်အောင်မြို့များမှ စုဆောင်း ပေးပို့ကြခြင်းဖြစ်ပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိမြို့နယ် အလိုက် မွေးမြူရေးနှင့် ကုသရေးဦး စီးဌာန(ယာယီ) စုဆောင်းစစ်ဆေးရေး စခန်းများတွင် ဝယ်ယူစုဆောင်းပြီး နောက် တစ်ဘက်နိုင်ငံများသို့ တင် ပို့နိုင်ရန် သက်ဆိုင်ရာပြည်နယ်/ တိုင်း ဒေသကြီးများရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများမှ ကျန်း မာ ရေးစစ်ဆေးပြီးကြောင်း ထောက် ခံချက်ကို ရယူကာ ဝန်ကြီးဌာန၏ ထောက်ခံချက်၊ ပို့ကုန်လိုင်စင်များ နှင့်အတူ ပေးပို့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
.
''လက်ရှိ အနေအထားကနေ တိုင်းပြည်ချင်း MoU ရေးထိုးနိုင် ဖို့ လိုပါမယ်။ ဒါမှသာ တိုင်းပြည်အ ချင်းချင်း တရားဝင်ရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။ အခုကတော့ အောက်က နေ ရောင်းရသလိုဖြစ်နေတော့ ဈေး နှိမ်ခံနေရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေပြီး ဒီဘက်မှာ တရားဝင်ပေမယ့် တစ်ဘက်ကို တရားမဝင် တင်ပို့နေရ တာ ဖြစ်ပါတယ်''ဟု မူဆယ်လမ်း ကြောင်းမှ တရားဝင်နွားတင်ပို့သည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူက ပြော ကြားသည်။
.
ကျွဲနွားအရှင် (၅ နှစ်အထက်)၊ သင်းကွပ်ပြီး အထီးများအား ပြည်ပ သို့ တရားဝင်ရောင်းချခွင့်ကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလက စတင်ခွင့်ပြုခဲ့ ပြီးနောက် ပြည်ပနိုင်ငံများသို့ ကျွဲ ၂၈၆၃၂ ကောင်၊ နွား ၁၈၆၇၁၁ ကောင် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၂၆ဝ ကျော်ဝင်ငွေရ ရှိခဲ့ ကြောင်းနှင့် ၂ဝ၁၈ ခုနှစ် ရှေ့ပြေး စီမံချက် အကောင်အထည်ဖော် ကောက် ယူမှုအရ တစ်နိုင်ငံလုံးတွင် ကျွဲကောင်ရေ ၁၈ သိန်း၊ နွား ကောင် ရေ ၉၇ သိန်းကျော်ရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။
.
.
.
#KBZTai #Shan