တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, December 27, 2018

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် အထိ
.


တနင်္ဂနွေ
.
စိတ်မတည်ငြိမ်သော ကာလဖြစ်သည်။ ငွေကြေးအခက်အခဲများမှ ရုန်းထွက်ရန်ကြိုးစားနေဆဲကာလ လည်းဖြစ်သည်။ အလိုရှိသော ပစ္စည်းများလည်း ဝင်လာရန် ခက်ခဲနေဆဲဖြစ်လိမ့်မည်။ ထူးခြားသောအချက် မှာ မိတ်ဆွေကောင်းက ဝင်ရောက်ကူညီခြင်း ခံရလိမ့်မည်။ အလုပ်အကိုင်ပြောင်းလဲရန် အားထုတ်လိမ့် မည်။ ကုန်သည်များမှာ အရောင်းအားကောင်းမွန်လာမည်။ ဝန်ထမ်းများမှာ အလုပ်နေရာကြောင့် စိတ် ရှုပ်ရမည်။ ပွဲစားများမှာ အသေးစားအလုပ်အောင်မြင်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် ကျေနပ်ဝမ်းသာစရာကြုံမည်။ ကျန်းမာရေးကိစ္စများတွင် အကြောနာမည်။ အကြောတင်မည်။ ကံကောင်း စေသော ဂဏန်းမှာ(၂/၇/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ မာလကာသီးလှူပါ။
.
တနင်္လာ
.
မနာလိုသူပေါ်မည်။ အလုပ်ကိစ္စကြောင့် ခရီးသွားရမည်။ ကြီးပွားချမ်းသာရန် အခွင့်အလမ်း တစ်ခုခု တွေ့နိုင်သည်။ နေအိမ်ပေါင်ခြင်း၊ ရောင်းချခြင်း၊ မြေရောင်းချခြင်း စသည်တို့ ကြုံနိုင်သည်။ အထက်တန်း ကျသော မိတ်ဆွေသစ်လည်း တွေ့ပါမည်။ မိမိလိုချင်သော ပစ္စည်းလည်း ဝင်လာလိမ့်မည်။ ကုန်သည်များ မှာ အရောင်းအဝယ် မြတ်စွန်းလိမ့်မည်။ ဝန်ထမ်းများ အလုပ်ကိစ္စ ရှုပ်ထွေးများပြားလိမ့်မည်။ ပွဲစားများ ခိုက်ရန်အသေးစားဖြစ်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ၏ လက်ဆောင်ကောင်း ရလိမ့်မည်။ အစားကောင်း စားရမည်။ ကျန်းမာရေးကိစ္စများတွင် ချောင်းဆိုးမည်။ ရင်ကြပ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/ဝ/၄)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဘယာကြော်လှူပါ။
.


အင်္ဂါ
.
ယာဉ်အသစ်ဝင်မည်။ အချို့မှာ ပြုပြင်ရမည်။ အလဲအထပ်လည်းဖြစ်ကိန်းရှိပါသည်။ ကြံရွယ်ထားသည့် ကိစ္စများ နှေးနေမည်။ အလုပ်အကိုင်သစ်များ ဖော်ဆောင်ရန် စဉ်းစားလိမ့်မည်။ စီးပွားရေးပုံမှန်အနေအ ထားရှိမည်။ မရောက်တာကြာပြီဖြစ်သော နေရာသို့ သွားရောက်ရမည်။ ကွဲကွာနေသူလည်း ပြန်ဆုံတွေ့ လိမ့်မည်။ ကုန်သည်များမှာ လှောင်ကုန်များ ဈေးကျသဖြင့် သောကကြုံမည်။ ဝန်ထမ်းများမှာ ခရီးယာယီ သွားရမည်။ ပွဲစားများမှာ အလုပ်ရပ်တန့်နေလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ၏ သတင်းဆိုး ကြားသိရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ခြေထောက်နာမည်။ ဒူးနာမည်။ အနည်းငယ်ခိုက်မိတတ် သည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၃/၆)ဖြစ်သည်။
ယတြာ။ စေတီတွင် ပန်းရောင်စုံလှူပါ။
.

ဗုဒ္ဓဟူး
.
အဝေးရောက်နေသူပြန်လာမည်။ အဆက်အသွယ်ရမည်။ တိုးတက်လိုသောစိတ်ပြင်းထန်လာမည်။ ကောင်းမွန်သော အကြံကောင်းရမည်။ အသိပညာတိုးမည်။ ပညာသင်နေသူများ ပညာအတွက် ကောင်း မွန်သည်။ စီးပွားရေးအကွက်ကောင်းတွေ့သောကြောင့် အမြတ်ရမည်။ အလုပ်ကောင်းပေါ်မည်။ ကုန် သည်များမှာ အတွင်းလူ သစ္စာဖောက်မည်။ ဝန်ထမ်းကိစ္စစိတ်ညစ်ရမည်။ ဝန်ထမ်းများမှာ အချင်းချင်း မညီညွတ်သောကာလကြုံနေမည်။ ပွဲစားများ အလုပ်အနည်းငယ်ဖြစ်မည်။ ငယ်ရွယ်သူများမှာ ချစ်သူ ပေးသော အဖြေကိုရလိမ့်မည်။ အချို့မှာ အဆက်အသွယ်ရလိမ့်မည်။ ကျန်းမာရေးတွင် ကိုယ်လက် မအီမသာဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၅/၈)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သကြားဆွမ်းလှူပါ။
.


ကြာသပတေး
.
စိတ်မချမ်းသာစရာနည်းနည်းကြုံမည်။ အလှူမင်္ဂလာဆောင်လည်း သွားရောက်ရမည်။ အိမ်တွင်းရေး စကားများမည်။ ငွေအဝင်ရှိနေသော်လည်း မလုံလောက်ပါ။ လုပ်ငန်းပိနေပြီး စိတ်ရှုပ်ထွေးနေရမည်။ မိသားစုအတွင်းရေး ဖြေရှင်းပြောဆိုရမည်။ အကြံအစည်မှားတတ်သည်။ မနာလိုသူပေါ်မည်။ သတိထားပါ။ စီးပွားရေးပြောင်းလဲရန် စတင်မည်။ ကုန်သည်များမှာ အရောင်းအဝယ် စာရင်းမှားမည်။ ဝန်ထမ်း များမှာ စိတ်ပျော်ရွှင်စရာ ကြုံမည်။ ပွဲစားများ ပွဲခနည်းနည်းရမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူထံမှ ဆက်သွယ်လာမည်။ ကျန်းမာရေးကိစ္စများတွင် ဖျားနာမည်။ အအေးမိခြင်း အဆုတ်ရောင် ခြင်းကြုံတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(၄/၅/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မျက်နှာသုတ်ပုဝါလှူပါ။
.


သောကြာ
.
စီးပွားရေးအခွင့်အလမ်းကောင်းများပေါ်မည်။ လိုချင်သော အရာများ သုံးလေးခုဆက်တိုက်ဝင်လာမည်။ ခရီးဝေးသွားရမည်။ ရင်းနှီးသူ၏ နာရေးကြုံမည်။ အဝတ်အထည်အသစ်များဝင်လာမည်။ အြေ<ွကး ကိစ္စရှင်းလင်းနိုင်မည်။ အိမ်ထောင်ရှင်၏ ကျန်းမာရေးနည်းနည်းညံ့မည်။ ငယ်သူကိစ္စစိတ်မောရမည်။ မနာလိုသူရှိနေမည်။ ကုန်သည်များမှာ အရောင်းအဝယ်သွက်လာမည်။ ဝန်ထမ်းများမှာ ကြီးသူစိတ်ကောင်း ဝင်နေမည်။ မိမိအပေါ် အခွင့်အရေးများပေးလိမ့်မည်။ ပွဲစားများမှာ အိမ်အပေါင်ကိစ္စမှ ငွေဝင်လာမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ တွေ့ခွင့်ရမည်။ ချစ်သူကို မိမိက ကူညီရလိမ့်မည်။ ကျန်းမာ ရေးကိစ္စများတွင် သွားနာမည်။ သွားကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၅/၇)ဖြစ်သည်။
ယတြာ။ စေတီစနေထောင့်တွင် အလံ ၉ ချောင်းလှူပါ။
.


စနေ
.
အိမ်နည်းနည်းပြင်ရမည်။ ကားအလဲအထပ်ကြုံမည်။ ကားကိုသူများ ပွတ်သွားတတ်ပါသည်။ ခက်ခဲ သော အရာများမှ လွတ်မြောက်သွားလိမ့်မည်။ အကြံအစည်ကောင်းလည်း ပေါ်လာမည်။ စီးပွားရေးအ တိုက်အခံပေါ်မည်။ ဝယ်ယူမိသော ပစ္စည်းရှုံးလိမ့်မည်။ ထင်ရှားသောနေရာ ရောက်လိမ့်မည်။ အကြီးအကဲ ကြောင့် အပူတွေ့မည်။ ကုန်သည်များ အရောင်းကျဆင်းနေဦးမည်။ ဝန်ထမ်းများမှာ မလိုသူက အတွန်း အတိုက်ပြုလုပ်လိမ့်မည်။ ပွဲစားများမှာ ငွေချေးငှားသုံးနေရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ သစ္စာဖောက်မည်။ စွပ်စွဲမည်။ အငြင်းပွားလိမ့်မည်။ ကျန်းမာရေးတွင် ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၆/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် ငချိပ်ပေါင်းလှူပါ။
.

No comments:

Post a Comment