ထိုထက်မက တန်ဖိုး မဖြတ်နိုင်သော - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, November 29, 2018

ထိုထက်မက တန်ဖိုး မဖြတ်နိုင်သော



သက်နိုင် (ပြင်ဦးလွင်)
.

.
''ဖြစ်ပါ့မလား စိုင်းကျော်လှ ဒီကိစ္စက ငွေ အားရော၊ လူအားရော လိုတာဟ''စိုင်းကောင်း စံ၏ အပြောကို စိုင်းကျော်လှ စဉ်းစဉ်းစားစား နှင့် နားထောင်ပြီးမှ သက်ပြင်းရှည်ကြီး တစ် ချက်ကို မှုတ်ထုတ်လိုက်ပြီး ''ငါကတော့ ဖြစ် အောင်လုပ်ချင်တာပဲကွာ၊ သူများရွာတွေတောင် လုပ်နိုင်သေးတာပဲ။ ငါတို့က ဘာလို့မလုပ်နိုင် ရမှာလဲ။ ငါ့မှာ အကြံကောင်းတွေ နည်းလမ်း သစ်တွေ ရှိနေတယ်။ ဒါတွေကို ငါတို့က ဖော် ထုတ်ပြသချင်တာ။ မင်းပြောသလို ထင်သ လောက် မလွယ်ဘူးဆိုတာတော့ ငါလည်းသိ ပါတယ်။ ဒါပေမဲ့ ငါကတော့ ဇွဲမလျှော့သေးဘဲ ကြိုးစားကြည့်ချင်သေးတယ်''
စိုင်းကျော်လှနှင့် စိုင်းကောင်းစံတို့ သူငယ် ချင်းနှစ်ဦး ပြောဆိုတိုင်ပင်နေကြသည်မှာ ယခု နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် သူတို့၏ နောင်လှိုင်ရွာမှ ဝင်ရောက် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအကြောင်းပင် ဖြစ်သည်။ မီးပုံး ပျံပွဲတော်သို့ စိုင်းကျော်လှတို့၏ နောင်လှိုင်ရွာ မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့သည်မှာ နှစ် အတန် ကြာမြင့်ခဲ့ပြီ။ ထို့ကြောင့်လည်း ယခု စိုင်းကျော်လှတို့ လူငယ်များလက်ထက်တွင် ပါ ဝင်ယှဉ်ပြိုင်နိုင်ရန် စိတ်အားထက်သန်စအွာဖြင့် ကြိုးစားနေခြင်းပင်။
ထိုသို့ စဉ်းစားကြိုးစားနေစဉ်အတွင်း တစ် ရက် နံနက်စောစော စိုင်းကျော်လှ ဝမ်းသာ အားရနှင့် စိုင်းကောင်းစံကို ဖုန်းဆက်ခေါ်လိုက် သည်။ စိုင်းကောင်းစံကိုယ်တိုင်လည်း ချက်ချင်း ဆိုသလို ရောက်ရှိလာပြီး ''ဘာလဲ ကျော်လှရာ စောစောစီးစီး ဘာတွေအရေးကြီးနေလို့လဲ''
''အေးပါ သူငယ်ချင်းရာ မင်းကိုအရေးကြီး လို့ ဖုန်းဆက်ခေါ်လိုက်တာပေါ့။ ကဲပါ ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဒါနဲ့ မင်း တို့ဖူးနွေးစားမလား၊ ခေါပုတ်ကင် စားမလား အဆင်သင့်ရှိတယ်နော်''
စိုင်းကောင်းစံက ''ခေါပုတ်ကင်ပဲစားတော့ မယ်''ဆိုသဖြင့် အိမ်ရှေ့စားပွဲတွင် နှစ်ယောက် သား ခေါပုတ်ကင်စားကြရင်း အခါးရေသောက် ကြရင်း စကားဝိုင်းကို စလိုက်ကြသည်။ စိုင်း ကျော်လှ စကားစပြောလိုက်ချင်းပင်စိုင်းကောင်း စံမှာ ဒေါသတကြီးနှင့် စားလက်စခေါပုတ်ကင် ကို ပန်းကန်ထဲ ပြန်ပစ်ချကာ
''ဟာ ဒီကောင်နဲ့ဆို မဖြစ်ပါဘူးကွာ၊ မင်း လည်း သိနေတာပဲ ဒီကောင်နဲ့ငါနဲ့က ငယ်က တည်းက တည့်ကြတာ မဟုတ်ဘူး။ ဒီကောင် ပါလာမယ်ဆိုရင် ငါမလုပ်နိုင်တော့ဘူး။ မင်း တစ်ယောက်တည်း ဆက်လုပ်ချင်လုပ် ငါက တော့ လုံးဝမလုပ်တော့ဘူး''
စကားပင် ကောင်းကောင်းမစရသေးခင် စိုင်းကောင်းစံ၏ ဒေါသတကြီး ပြောဆိုလိုက်မှု ကြောင့် စိုင်းကျော်လှ ပျာပျာသလဲနှင့် တောင်း ပန်စကားဆိုရင်း သူငယ်ချင်းဖြစ်သူကို ဖျောင်း ဖျနားချရတော့သည်။
''မဟုတ်ပါဘူး သူငယ်ချင်းရာ မင်းထင် သလို မဟုတ်ပါဘူး သူတို့က ငါတို့ကို ကူညီ မှာပါ။ ကူညီတယ်ဆိုတာလည်း ငါတို့တစ်ရွာ လုံးအတွက်ပါကွာ။ မင်းလည်းသိနေတာပဲ သူ တို့မှာ ငွေကြေးပြည့်စုံတယ်။ နောက်ပြီး သူ့ အဖေကလည်း ရွာမှာသြဇာအာဏာရှိတယ်။ အခု သူ့အဖေကိုယ်တိုင်က ငါတို့ကိုလိုတာမှန် သမျှ အကူအညီပေးမယ်။ မင်းတို့လူငယ်တွေ ဖြစ်အောင်သာလုပ်လို့ ငါ့ကိုပြောလိုက်တာကွ''
စိုင်းကျော်လှက အကျိုးသင့်အကြောင်း သင့် ပြောပြရှင်းပြနေသည်ကိုပင် စိုင်းအောင်စံ က စိတ်မကျေနပ်ဟန်ဖြင့် သောက်ပြီးစ အခါး ရေပန်းကန်နှင့် စားပွဲခုံကိုတစ်တောက်တောက် ခေါက်နေလေသည်။ ထို့ကြောင့် စိုင်းကျော်လှ မှာ သူငယ်ချင်းဖြစ်သူ စိုင်းကောင်းစံကို ဆက် လက်နားချရပြန်သည်။
''စိတ်ကိုလျှော့ချလိုက်စမ်းပါ ကောင်းစံရာ။ အခု ငါတို့အလုပ်က ကောင်းတဲ့အလုပ်လုပ်တာ မဟုတ်လား။ နောက်ပြီး ငါတို့တစ်ရွာလုံးအ တွက်ကွာ။ ဒါကိုမင်းတို့ငါတို့ ဦးဆောင်ပြီး ဝိုင်း ဝန်းလုပ်ကြရာမှာ ငါတို့တစ်တွေ ဒီလိုမသင့် မြတ်ဖြစ်နေရင် ဘယ်လိုလုပ်အောင်မြင်နိုင်ပါ့ မလဲ''
ထိုစဉ် စိုင်းကျော်လှတို့ ခြံဝန်းထဲသိုွီှ့ ဆိုင်ကယ် စီးလျက် လူငယ်တစ်ယောက်ဝင် ရောက်လာသည်။ ထိုလူငယ်ကို စိုင်းကျော်လှက လက်ပြနှုတ်ဆက်လိုက်ရင်း
''လာဟေ့ စိုင်းဝင်းဟန် ငါတို့လည်း မနေ့ ညက အကြောင်းတွေ ပြောနေကြတာ။ မင်း လာတာနဲ့အတော်ပဲ၊ ဘာထူးသေးလဲ''
''ဘာမှတော့မထူးပါဘူး၊ ဒါပေမဲ့ အဖေက မင်းကိုမှာလိုက်တယ်။လုပ်စရာရှိတာကို အောင် မြင်အောင်ဆက်လုပ်တဲ့ ရွာကလူကြီးတွေကို လည်း သူကိုယ်တိုင်ပြောပြပြီး အကုန်လုံးကူညီ ပေးမယ်တဲ့''
စိုင်းဝင်းဟန်ဆိုင်ကယ်ကို ဒေါက်ထောက် လိုက်ပြီး ပြောပြောဆိုဆိုနှင့် ဝင်လာစဉ် စိုင်း ကောင်းစံမှာ တစ်ဘက်သို့လှည့်၍ မတ်တပ်ရပ် လိုက်ရင်း
''ငါပြန်တော့မယ် ကျော်လှ မင်းလုပ်မယ့် အချိန်နဲ့ လိုတာသာပြောလိုက် ငါလာလုပ်ပေး မယ်''
ဟု ဆို၍ထွက်သွားလေသည်။ စိုင်းကောင်း စံ၏ အပြုအမူကို မြင်တွေ့လိုက်ရသော စိုင်း ဝင်းဟန်ကလည်း စားပွဲဝိုင်းတွင် ဝင်ထိုင်ရင်း နှင့် ခြံရှေ့ရောက်သွားသော စိုင်းကောင်းစံကို တစ်ချက်ကြည့်လျက်
''ဒီကောင်က ဘာကောင်လဲ၊ မျက်နှာကို က တစ်လောကလုံး သူ့လုပ်စာ စားနေရတာ ကြနေတာပဲ''
''မဟုတ်ပါဘူး စိုင်းဝင်းဟန်ရယ်၊ သူအလုပ် ရှိလို့ ဖြစ်ပါလိမ့်မယ်။ ကဲပါ မီးပုံးပျံအတွက်ပဲ ဆက်ပြီး တိုင်ပင်ဆွေးနွေးကြတာပေါ့''
.
စိုင်းကျော်လှမှာ တစ်ရွာတည်းသား သူ ငယ်ချင်းနှစ်ယောက်ဖြစ်သည့် စိုင်းကောင်းစံနှင့် စိုင်းဝင်းဟန်တို့ကြားတွင် ဝင်ရောက်ဖြန်ဖြေပေး ရပြန်သည်။ သူငယ်ချင်းနှစ်ယောက်ပြောဆို တိုင်ပင်ပြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲအ တွက် စီစဉ်စရာရှိသည်များကို ကြိုတင်ပြင်ဆင် စီစဉ်ကြရသည်။
စိုင်းကျော်လှတို့ နောင်လှိုင်ရွာမှာ မီးပုံးပျံ ပြိုင်ပွဲအတွက် ညမီးကျည်မီးပုံးပျံကြီးကို စိုင်း ကျော်လှခေါင်းဆောင်၍ ရွာရှိလူငယ်များ ဝိုင်း ဝန်းလျက်လုပ်ဆောင်ကြရမည်။ ရှေ့ထွက်ရှမ်း တိုင်းရင်းသားရိုးရာအကအလှနှင့် တိုးနယား၊ ရှမ်းအိုးစည်ဝိုင်းတို့ကို စိုင်းကောင်းစံ၏ ဖခင်ဖြစ် သူနှင့် ရွာလူကြီးများက တာဝန်ယူလုပ်ကိုင် ဆောင်ရွက်ရမည်။
.
တောင်ကြီးမြို့၏ နာမည်ကျော်တန်ဆောင် တိုင်ပွဲတော်ကြီးတွင် မီးပုံးပျံတစ်လုံး ယှဉ်ပြိုင် လွှတ်တင်ရသည်မှာ လွယ်ကူသည်တော့မဟုတ် လှပေ။ ပစ္စည်းအား၊ လူအား၊ ငွေအားနဲ့ တန် ဖိုးဖြတ်မရသော နည်းပညာအားတို့ အချိုးညီ ညီပူးပေါင်းကြရသည်။ ဤကဲ့သို့ တိုင်းရင်းသား ရိုးရာအမွေအနှစ်တို့ကို မတိမ်မကော မပျောက် မပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်လျက် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသယ်ဆောင် လာကြသည်မှာ ယခု စိုင်းကျော်လှတို့ လက် ထက်သို့တိုင်အောင် ရောက်ရှိလာခဲ့ပြီး ဖြစ်သ ကဲ့သို့ တောင်ကြီးမီးပုံးပျံပွဲတော်မှာလည်း မြန် မာမှာသာမက ကမ္ဘာတွင်ပါ ထင်ပေါ်ကျော်ကြား ခဲ့ရသည်။ ဤတာဝန်များကို စိုင်းကျော်လှတို့ မျိုးဆက်သစ်လူငယ်များ ဆက်လက်တာဝန်ယူ ကြရဦးပေမည်။
စိုင်းကျော်လှတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံကြီးမှာ ခေါင်အချင်း ၂၅ ပေ၊ အမြင့် ၂၅ ပေ၊ မီးစာအမြင့် ၈ ပေ၊ ယမ်းပိဿာချိန် ၄၅ ရှိသော ကျောက်ဖရုံသီးပုံ မီးပုံးပျံကြီးဖြစ် သဖြင့် အလွန်ကြီးမားလှသည်။ ထို့ကြောင့် လည်း မီးပုံးပျံကြီးပြုလုပ်ရန် ကျယ်ဝန်းသော နေရာနှင့် လူစုရန်လွယ်ကူသော ရွာဦးဘုန်းကြီး ကျောင်းကို စိုင်းကျော်လှရွေးချယ်လိုက်သည်။
မီးပုံးပျံကြီးကို ရှမ်းပြည်နယ်ဒေသထွက် ရိုးရာ မိုင်းကိုင်စက္ကူများဖြင့် ပြုလုပ်ရသဖြင့် စက္ကူကိုက်၊ စက္ကူကပ်၊ ယမ်းထောင်း၊ ယမ်း သိပ် စသည့် လိုအပ်သော လုပ်ငန်းအစုစုတို့ကို လူငယ်များတက်ညီလက်ညီ လုပ်ကိုင်နေကြ သည်မှာ ပျော်စရာကောင်းလှသည်။ သို့သော် စိုင်းကောင်းစံနှင့် စိုင်းဝင်းဟန်တို့နှစ်ယောက်ကို ကြည့်လျက် စိုင်းကျော်လှ သက်ပြင်းအခါခါ ချ နေရသည်။
တစ်ယောက်ကရှေ့မှာ လုပ်နေလျှင် တစ် ယောက်ကနောက်တွင် သွားလုပ်သည်။ တစ် ယောက်ကနောက်တွင် လုပ်လျှင်တစ်ယောက် ရှေ့ထွက်လုပ်တော့သည်။ တစ်ယောက်နှင့်တစ် ယောက် မျက်နှာချင်းမဆိုင်၊ စကားမပြော၊ အ လုပ်တစ်ခုကို နှစ်ယောက်ယှဉ်တွဲ၍ လုပ်ကြ သည်ဟူ၍မရှိ။ ခပ်ခွာခွာ ခပ်ကင်းကင်းနေကြ သည်ကို တွေ့ရသောအခါ သူတို့အတွက် စိုင်း ကျော်လှ စိတ်မကောင်းဖြစ်ရသည်။ ဤလုပ် ငန်းမှာ အဖွဲ့သားအားလုံး၏ စည်းလုံးညီညွတ် မှုသည် အရေးအကြီးဆုံးဖြစ်သည်ကို သိနေ သော စိုင်းကျော်လှအတွက် စိုးရိမ်ပူပန်လာရ သည်။
ပို၍ဆိုးသည်မှာ ယခုနှစ်သည် ယခင်နှစ် များနှင့်မတူဘဲ မီးပုံးပျံကြီး၏ စတင်လုပ်ကိုင် သည့် နေ့ကတည်းက မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည်။ မိုးရေအစို ဓာတ်ကြောင့် မိုင်းကိုင်စက္ကူများ၌ ကော်စွဲမြဲစွာ ကပ်ရန်အတွက် ဂရုစိုက်နေရသည်။ ထို့အတူ ယမ်းများ အစိုပျံ၍ မီးမကူးမှုများလည်း ဖြစ်ပေါ် လာနိုင်သည်။ ထို့အတွက်ကြောင့် ယမ်းများကို လည်း ပို၍ဂရုစိုက်နေရသည်။
.
''ထည့်မယ့် မီးတွေက ထုံးစံအတိုင်းပဲ လားစိုင်းကျော်လှ''
ယမ်းလိပ်များကို တစ်ခုချင်း စနစ်တကျ လိပ်နေစဉ် ရုတ်တရက်ကြားလိုက်ရသည့်အ သံကြောင့် လှည့်ကြည့်လိုက်သောအခါ အနား သို့ ရောက်လာသော စိုင်းဝင်းဟန်ကိုတွေ့လိုက် ရသည်။
''ဟုတ်တယ် သူငယ်ချင်း ထုံးစံအတိုင်း မီးတွေလည်းပါမယ်။ ငါစမ်းသပ်တီထွင်ထားတဲ့ မီးတွေလည်းပါမယ်။''
''ဘာ မင်းကိုယ်တိုင်စမ်းသပ်တီထွင်ထား တဲ့ မီးတွေလည်းပါမယ် ဟုတ်လား သူငယ် ချင်း''
''ဟုတ်တယ်ကွ၊ အရင် ငါတို့တောင်ကြီး မီးပုံးပျံပွဲတော်ကြီးမှာ ညမီးကျည်မီးပုံးဆိုရင် မီး ပုလဲ၊ မီးငါးရှည့်၊ မီးဂလိုက်တာ၊ မီးခိုပျံ၊ မီး ရေတံခွန်၊ မီးဗုံးကပ်၊ မီးလောက်၊ မီးရှူး၊ မီးအလင်းထုတ်၊ မီးလိပ်ပြာ၊ မီးစကြာ၊ မီးလေ ထီး ဒါတွေကိုပဲသုံးကြ၊ လွှတ်ကြ၊ ဖောက်ကြ တာမဟုတ်လား။ အခု ငါက ဒီမီးတွေအပြင် နောက်ထပ်မီးအသစ်တွေ တီထွင်ထားသေး တယ်ကွ။ ဒီမီးတွေအတွက် မင်းတို့လည်း ငါ့ကို ကူညီကြရမယ်နော်''
''အိုး အိုကေ ရတယ် စိုင်းကျော်လှ ငါ မင်းကို အပြည့်အဝ ကူညီပေးမယ်။ မင်းဘက် ကသာ အောင်မြင်အောင်လုပ် ငါတို့က စိတ် သာချ''
စိုင်းဝင်းဟန်က ကူညီမည်ဆိုသဖြင့် စိုင်း ကျော်လှ ဝမ်းသာသွားရသည်။ စိုင်းကျော်လှ စိတ်ကူးက နောက်ထပ်တီထွင်မည့် မီးအသစ် များကို တခြားလူငယ်များနှင့် မလုပ်ချင်ပေ။ မလုပ်ချင်ရခြင်းမှာလည်း တခြားအကြောင်းများ ကြောင့် မဟုတ်ဘဲ မီးအသစ်များဖြစ်သော ကြောင့် ပို၍စိတ်ချယုံကြည်ရသူများနှင့်သာ ပြု လုပ်ချင်သည်။ ထို့ကြောင့်လည်း ကူညီလုပ် ကိုင်ပေးရန် စိုင်းဝင်းဟန်နှင့်အတူ စိုင်းကောင်းစံ ကို ရွေးချယ်ထားလိုက်ရသည်။
လုပ်ကိုင်ပြုလုပ်မည့် အစီအစဉ်များကို ပြောဆိုတိုင်ပင်ဆွေးနွေးကြသောအခါ ဇာတ် လမ်းကစရပြန်သည်။
''ငါ မင်းကိုတော့ ကူညီချင်တယ် စိုင်း ကျော်လှ၊ ဒါပေမဲ့ ဒီကောင်နဲ့တော့တွဲပြီး မ လုပ်ချင်ဘူး''စိုင်းကောင်းစံ အပြောကို စိုင်းဝင်း ဟန်လည်း ဆတ်ဆတ်ထိမခံဘဲ ''ဟ ငါက လည်း မင်းနဲ့တွဲလုပ်ချင်ပါတယ်လို့ ပြောနေ တာ မဟုတ်ဘူး၊ စိုင်းကျော်လှက ကူညီပါဆို လို့ ကူညီရတာကွ''
စိုင်းကောင်းစံနှင့် စိုင်းဝင်းဟန်တို့ အချီအ ချစကားများ ရန်ဖြစ်နေကြသည်ကို စိုင်းကျော် လှ ဝင်ရောက်ဖြန်ဖြေရပြန်သည်။
''ကဲပါ သူငယ်ချင်းတို့ရာ မင်းတို့ ရန်ဖြစ် မနေကြပါနဲ့တော့။ အခု မင်းတို့ ငါတို့လုပ်ရ မယ့်အလုပ်က ငါတို့ရွာအတွက်၊ ငါတို့ ရှမ်း တိုင်းရင်းသားတွေအတွက်၊ ငါတို့မြို့ရဲ့ တန် ဆောင်တိုင်ပွဲတော်ကြီးအတွက် လုပ်ကြမှာပါ။ ငါကတော့ ဒီနှစ်ပြိုင်ပွဲမှာ ပထမဆုရဖို့အထိ မျှော်မှန်းထားတယ်။ လိုလည်းလိုချင်တယ်။ ဒါ ကြောင့် မင်းတို့က ငါနဲ့လက်တွဲပြီး ဝိုင်းဝန်း လုပ်ပေးကြဖို့ အကူအညီတောင်းတာပါ။ မင်း တို့မလုပ်ချင်ဘူးဆိုလည်း ဘယ်တတ်နိုင်ပါ့ မလဲ''
ဤသို့ ပြောဆိုဖျောင်းဖြသောအခါ နှစ်ဦး စလုံးမှ မျက်နှာငယ်လေးများဖြင့် ''ဒါဆိုလည်း လုပ်ပါ့မယ်''ဟု ပြောဆိုကြသောကြောင့် စိုင်း ကျော်လှဝမ်းသာပီတိဖြစ်ရပြန်သည်။
.
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် တောင် ကြီးတန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကြီး မှာ တစ်နေ့ထက်တစ်နေ့ နီးကပ်လာပေပြီ။ စိုင်းကျော်လှတို့၏ ''နောင်လှိုင်မီး''မီးပုံးပျံကြီး မှာလည်း ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ရန် အဆင် သင့်ဖြစ်နေရုံမျှမက ရွာထဲရှိ ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူတို့မှာလည်း မီးပုံးပျံပွဲတော်ကြီး တွင် အက၊ အလှများဖြင့် ကပြဖျော်ဖြေရန် ဝတ်စုံပြည့်နှင့် အဆင်သင့် ဖြစ်နေပေပြီ။ ထို့ အတူ တွဲဘက်တီးခတ်ကပြကြမည့် ရှမ်းအိုး စည်ဝိုင်း၊ တိုးနယားအက၊ တောင်သူလယ် လုပ် သရုပ်ဖော်အကအဖွဲ့တို့မှာလည်း ''နောင် လှိုင်မီး''နှင့်အတူ ပြိုင်ပွဲဝင်ရန် အကြိမ်ကြိမ် လေ့ကျင့်ပြီးလျက် စိတ်တိုင်းကျပြီးဖြစ်နေသည်။
မကြာမီ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကြီးကျင်းပသည့် ပြိုင်ပွဲရက်သို့ ရောက်ရှိလာ သည်။ ဤနေ့တွင် အလုပ်အများဆုံးနှင့် စိတ် အပူရဆုံးမှာ စိုင်းကျော်လှပင် ဖြစ်တော့သည်။ ပြိုင်ပွဲဝင်ရန်အတွက် အစစအရာရာ ဦးဆောင် လုပ်ကိုင်ရသလို အောင်မြင်မှုရရှိရေးအတွက် လည်း ပူပန်နေရသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးမှာ  အောင်မြင်ကျော်ကြားထင်ရှားသလောက် လာ ရောက်ကြည့်ရှုအားပေးကြသည့် မြန်မာနိုင်ငံ အနှံ့အပြားမှ ဧည့်ပရိသတ်များ၊ ကမ္ဘာအရပ်ရပ် မှ ဧည့်သည်တော်များမှာ မီးပုံးပျံပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရာ ''အဝေရာ''ကွင်းကြီးပြည့်လျှံ သည်အထိ အုတ်အုတ်ကျက်ကျက်နှင့် စည် ကားနေလေသည်။ ပြိုင်ပွဲဝင်ရန် လာရောက်ရ သည့် စိုင်းကျော်လှတို့၏ နောင်လှိုင်မီးအဖွဲ့သူ အဖွဲ့သားများပင် ကွင်းအတွင်းသို့ ဝင်ရောက်နေ ရာယူရန် ခက်ခက်ခဲခဲနှင့် တိုးဝှေ့လာခဲ့ကြရ သည်။ ဤမျှကြီးမားစည်ကားလှသည့် တောင် ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးပါပေ။
နောင်လှိုင်မီးအဖွဲ့ ယှဉ်ပြိုင်ရန် အလှည့်ကျ သောအခါ ပထမဆုံး ကန်တော့ပွဲနှင့် အလံကိုင် အဖွဲ့တို့မှ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူ ပြီးနောက်မှ ဆက်လက်၍ တိုင်းရင်းသားအက အလှအဖွဲ့၊ အိုးစည်ဒိုးပတ်အဖွဲ့၊ တိုးနယားအ ဖွဲ့၊ အကသရုပ်ဖော်အဖွဲ့တို့မှ အစီအစဉ်အ တိုင်း ကပြဖျော်ဖြေကြရာ လာရောက် ကြည့် ရှုကြသည့် ဧည့်ပရိသတ်များက လက်ခုပ်သံ တဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်သံတရွှီရွှီ နှင့် အားရပါးရအော်ဟစ်အားပေး ဂုဏ်ပြုနေကြ သည်ကိုလည်း စိုင်းကျော်လှမြင်တွေ့ကြားသိ နေရသည်။
သို့သော်လည်း စိုင်းကျော်လှမှာ ဧည့်ပရိ သတ်များဘက်သို့ အာရုံမထားနိုင်သေးဘဲ မီး ပုံးပျံကြီး အောင်မြင်စွာ လွှတ်တင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေရလေသည်။ ယမ်းပိ ဿာ ချိန် ၄၅ ရှိနေသော မီးပုံးပျံကြီးကောင်း ကင်ယံသို့ အချိန်အဆ မှန်မှန်တက်ရောက်နိုင်ရန် မီးစာတိုင်ကို ဂရုပြုနေရသည်။ မီးပုံးပျံကြီး၏အ သက်သည် မီးစာတိုင်နှင့် မီးပုံးပျံကြီး ရုန်းကန် တက်ရောက်နိုင်ရန် မှိုင်းများကောင်းမွန်ပြည့်ဝ စေရေးအတွက် ချမ်းအေးလှသည့် လရာသီ ဖြစ်လင့်ကစား စိုင်းကျော်လှတစ်ယောက် ချွေး တလုံးလုံးဖြင့် မမောနိုင်မပန်းနိုင် လုပ်ကိုင်နေရ သည်။
မကြာမီ နောင်လှိုင်မီး မီးပုံးပျံကြီးမှာ မှိုင်း များပြည့်၍ ဘယ်သို့တစ်လှည့်၊ ညာသို့တစ် လှည့်နှင့် ယိမ်းထိုးလျက် သက်ဝင်လှုပ်ရှားလာခဲ့ သည်။ မှိုင်း ပိုမိုပြည့်ဝလာသောအခါ အဖွဲ့သူ အဖွဲ့သားများသည် မီးပုံးပျံကြီးအား ဧည့်ပရိ သတ်များရှိရာ အရပ်ရှစ်မျက်နှာသို့ လှည့်ပတ် ပြရင်းနှင့် ကောင်းကင်ယံသို့ လွှတ်တင်လိုက် ကြသောအခါ ကွင်းအပြည့်လာရောက်ကြည့်ရှု ကြသော ဧည့်ပရိသတ်တို့မှ လက်ခုပ်သြဘာသံ များ ဆူညံစွာ ထွက်ပေါ်လာသည်အထိ အား ပေးချီးမြှောက်ကြသကဲ့သို့ ''တဟေးဟေး တ ဟားဟား''နှင့် အော်ဟစ်ဂုဏ်ပြုနေကြသော ကြောင့်လည်း စိုင်းကျော်လှ ဝမ်းသာပီတိဖြစ်ရ တော့သည်။
မီးပုံးပျံကြီးသည် သတ်မှတ်စံချိန်စံညွှန်း အတိုင်း ကောင်းကင်ယံသို့ ၉ဝ ဒီဂရီတည့်တည့် မတ်မတ် ထောင်တက်သွားနေသည်ကို စိုင်း ကျော်လှ မျက်တောင်မျှမခတ်မိဘဲ ကြည့်နေမိ ရင်း သတ်မှတ်အမြင့်ကိုက်သုံးရာသို့ ရောက် သောအခါ မီးပုံးပျံကြီးမှ ယမ်းများလှလှပပ စ တင်ဖွင့်လှစ်ဖောက်ခွဲပြသနေသည်ကို မြင်တွေ့ လိုက်ရခြင်းကြောင့် ပြိုင်တူအော်ဟစ်သြဘာ ပေးလိုက်ကြသော ဧည့်ပရိသတ်ကြီးနှင့်အတူ စိုင်းကျော်လှမှာလည်း လက်ခုပ်နှစ်ဖက်ကို အားကုန်တီးလျက် ''နောင်လှိုင်မီး ကွ'' နောင် လှိုင်မီး ဟူ၍ အော်ဟစ်လိုက်မိတော့သည်။
သို့သော် မီးပုံးပျံကြီးမှ ယမ်းများဖွင့်လှစ် ဖောက်ခွဲနေသည်မှာ မိနစ်ဝက်မျှပင် မကြာလိုက် ဘဲ လုံးဝရပ်တန့် ငြိမ်သက်သွားသဖြင့် ''ဟာ'' ''ဟင်''ဟူ၍ ပေါ်ထွက်လာကြသော ပရိသတ် များ၏ အာမေဋိတ်သံများနှင့် ရောနှောလျက် စိုင်းကျော်လှ ကိုယ်တိုင်ကြက်သေသေမိကာ စိတ်ထဲ၌လည်း ဇဝေဇဝါဖြစ်သွားရတော့သည်။ ထို့အတူ စိုင်းကောင်းစံနှင့် စိုင်းဝင်းဟန်တို့နှစ် ဦးမှာလည်း စိုင်းကျော်လှထံ အံ့သြတကြီးနှင့် အမြန်ပြေးလာကြသည်ကို မြင်တွေ့လိုက်ရသ ဖြင့် ပို၍စိုးရိမ်ပူပန်သွားရသည်။ စိုင်းကျော်လှ ခေါင်းထဲ လျှပ်တစ်ပျက် စဉ်းစားမိသည်မှာ-
''စိုင်းကောင်းစံနဲ့ စိုင်းဝင်းဟန်တို့ တစ် ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်ခဲ့ကြပြီး ယမ်းတွဲတွေကို ကောင်းကောင်းမလုပ်ခဲ့ကြလို့ လား''
''သူတို့အထဲက တစ်ယောက်ကများ ဒီလို ဖြစ်အောင် သေချာစီမံပြီး လုပ်ထားလိုက်လို့ လား''
''တစ်ယောက်ကို တစ်ယောက်လက်စား ချေကြတာလား''
''ဒါမှမဟုတ် ယမ်းတွေအစိုပျံပြီး မတော် တဆ မီးမကူးကြတာလား''
.
စိုင်းကျော်လှ ဇဝေဇဝါပေါင်းများစွာဖြင့် ခေါင်းတစ်ခုလုံး မီးတောက်ရလောက်အောင် ပူပန်စိုးရိမ်တွေးတောနေစဉ် မီးပုံးပျံကြီးဆီမှ ''ဖောင်းကနဲ''''ဒိုင်းကနဲ''အသံမျိုးစုံ၊ အရောင် မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံတို့ဖြင့် ပေါက်ကွဲဖြာကျ လာသော မီးပွင့်၊ မီးပန်း၊ မီးရှူး၊ မီးဆိုင်းတို့ကို ရုတ်တရက်မြင်လိုက်ရသဖြင့် စိတ်ထဲ၌ အတိုင်း မသိပျော်ရွှင်ဝမ်းသာသွားရသကဲ့သို့ ပရိသတ် တို့၏ အသံများမှာလည်း ''ဝေါကနဲ'' ''ဟား ကနဲ''တစ်ခဲနက် ပြန်လည်ထွက်ပေါ်လာခဲ့သ ဖြင့် ပို၍ပျော်ရွှင်ရတော့သည်။
ထိုစဉ် မီးပုံးပျံကြီးသည် စည်းချက်ဝါးချက် ကျကျ တစ်ချက်ချင်း တစ်ဖောင်းဖောင်း နှင့် မီးမျိုးစုံတို့ကို ဖောက်ခွဲဖြာကျနေရာမှ ထပ်မံ ထွက်ပေါ်လာသည့် သာမန်မဟုတ်သော ထူး ဆန်းသည့် မီးရှူး၊ မီးပန်း၊ မီးပွင့်နှင့် မီးဆိုင်း တို့ကို ကြည့်ရှုနေကြသည့် ပရိသတ်အပေါင်းမှ မြင်တွေ့လိုက်ရသောအခါ
.
''ဟာ ဆင်ရုပ်ကြီးဟ''
''ဟော ဒါက ငါးရုပ်ဟ''
''ဟေ့ ဒီပုံက ငှက်ရုပ်ပုံကွ''
''ဟာ ဒီမီးပုံက အရုပ်မျိုးစုံ ပုံဖော်ပြသ ပေးနေတာ ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးသေးဘူး''
မီးပုံးပျံကြီးမှ မီးပန်းပေါက်ကွဲသံတို့နှင့်အ တူ တိရစ္ဆာန်အရုပ်မျိုးစုံတို့ကို တစ်ရုပ်ပြီးတစ် ရုပ် ပုံဖော်ပြသပေးနေသောကြောင့် ပရိသတ် တို့၏ အားပေးသံများမှလည်း ပို၍ပို၍ ကျယ် လောင်လာကြကာ မီးပုံးပျံကွင်းတစ်ခုလုံး သောသောညံလျက် ဝေဝေစည်စည်ရှိနေတော့ သည်။
စိုင်းကျော်လှမှာ ဝမ်းသာလွန်းသဖြင့် မျက် လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံနေသကဲ့ သို့ ပရိသတ်တို့၏ အော်ဟစ်သံတို့ကြောင့် တစ်ချက်တစ်ချက် ကြက်သီးမွေးညှင်းများ ထြ<ွကလာသည်အထိ ပီတိဖြစ်နေရသည်။ တဖြည်း ဖြည်းနှင့် ကောင်းကင်ယံသို့တက်ရောက်သွား လျက်ရှိနေသော မီးပုံးပျံကြီးကိုကြည့်ရင်း အ မှတ်တမဲ့နှင့် ဘေးတစ်ဖက်သို့ မျက်စိရောက် သွားသောအခါ မြင်တွေ့လိုငက်ရသော မြင် ကွင်းအစုံကြောင့် စိုင်းကျော်လှ အံ့သြလွန်းလှ သလို အတိုင်းမသိ ပျော်ရွှင်ကြည်နူးသွားခဲ့ရ သည်။
စိုင်းကောင်းစံနှင့် စိုင်းဝင်းဟန်တို့ တစ် ယောက်ပခုံးကို တစ်ယောက် တင်းတင်းရင်းရင်း ဖက်လျက် မီးပုံးပျံကြီးကို အငေးသားကြည့်ရှု နေကြသည်။ သူတို့၏ မျက်နှာများမှာ ကြည် လင်ဝင်းပလျက် ရွှန်းရွှန်းစိုနေသည်။
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်မီးပုံး ပြိုင်ပွဲတွင် စိုင်းကျော်လှတို့ ဝင်ရောက်ယှဉ်ပြိုင် သည့် နောင်လှိုင်မီးကို ပထမရရန် မျှော်မှန်း ထားခဲ့သည်။ ရရှိအောင်လည်း အခက်အခဲအ မျိုးမျိုးကြားမှ ကြိုးစားခဲ့ရသည်။ သို့သော်လည်း ယခုအချိန်တွင် မျှော်မှန်းထားသည့် ပထမဆု ကြီးကို စိုင်းကျော်လှ မမက်မောတော့သကဲ့သို့ ရရှိခဲ့ခြင်းမရှိလျှင်လည်း ဝမ်းမနည်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထို့ထက်မကသော တန်ဖိုးမဖြတ်နိုင်သည့် ဆုကြီးတစ်ဆုကို လက် ဝယ်ပိုင်ဆိုင်ရရှိခဲ့လေပြီ။
.
တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံးပျံကွင်း ကြီးအတွင်း၌ စိုင်းကျော်လှတို့၏ နောင်လှိုင်မီး ညမီးကျည် မီးပုံးပျံကြီးမှာ
ကောင်းကင်ယံသို့ တရွေ့ရွေ့တက်နေဆဲ။
          မီးပွင့်မီးပန်းမီးရုပ်များ တဖွဲဖွဲကျပေးနေဆဲ။
          ပရိသတ်တို့၏ အားပေးသြဘာသံတို့မှာ လည်း ကွင်းလုံးပြည့် တဝေါဝေါ ထွက်ပေါ်နေ ဆဲ။
          ထို့အတူ -
          စိုင်းကောင်းစံနှင့် စိုင်းဝင်းဟန်တို့မှာလည်း တစ်ယောက်နှင့်တစ်ယောက် ဖက်တွယ်ထား နေကြဆဲ။
.
          စိုင်းကျော်လှ၏ မျက်လုံးအိမ်ထဲ၌လည်း မျက်ရည်စများ ရစ်ဝဲနေဆဲ။
.
.
.
#KBZTai #Shan